အမြို့မြို့အနယ်နယ်သတင်းများ

Jan 08,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ(အပိုင်း-၃)ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က လမ်းဆုံလမ်းဂွများနှင့် မြို့အဝင်/အထွက်ဂိတ်များတွင်​မဲဆန္ဒရှင်ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။
Jan 08,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် သန်လျင်မြို့နယ်အတွင်းရှိ အ.ထ.က (၂)၊ အ.ထ.က (၃)၊ အ.ထ.က (၄) ကျောင်းများမှ Grade 12 ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာများ ဆွေးနွေးပို့ချခြင်းကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 08,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
Jan 08,2026
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်သည် ယ‌နေ့မွန်းလွဲ ၂ နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့သို့‌ ရောက်ရှိပြီး မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် သီရိဟံသာခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
Jan 08,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ကျင်းပဆောင်‌ရွက်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီခွဲအချိန်က မဲဆန္ဒရှင်ပြည်သူများအား အသိပေးကြေညာချက်များကို မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခဲ့သည်။
Jan 08,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(ပေါက်ခေါင်း)ကျောင်း၊ ရွှေရတုခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။