အမြို့မြို့အနယ်နယ်သတင်းများ

Jan 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံများသို့ ရောက်ရှိခဲ့ပြီး ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 08,2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ကျင်းပမည့် မဲရုံများအား မီးဘေးအန္တရာယ်လုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jan 08,2026
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၉၈) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွှဲပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
Jan 08,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့တွင် တောင်ပေါ်ကုလားအော်ငရုပ်သီးမျိုးများကို ဒေသခံတောင်သူများက အဓိကထားစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းလျက် ရှိသည်။
Jan 08,2026
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ‌ယမန်နေ့နံနက်ပိုင်း (၉) နာရီက တနိုင်းမြို့ အထက-၁ ပညာရတနာ ခန်းမတွင်ကျင်းပရာ အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံခန့်ခွဲ‌‌ရေးနှင့်အုပ်ချုပ်‌ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တနိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Jan 08,2026
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည်နှင့်အညီ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိရာ ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီခွဲက ဟိုတယ်၊ မိုတယ်တည်းခိုခန်းလုပ်ငန်းများ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 08,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း(ကချင်ဇုန်)တို့ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြစ်ကြီးနားမြို့ပေါ် ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ လုံခြုံရေး ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေး မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် ရွှေပြည်စံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 08,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်‌နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုမရှိစေရေး ပြည်သူများအားလုံး ပူးပေါင်းပါဝင်၍ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး၊ မြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ ရာနှုန်းပြည့် မဲပေးနိုင်ရေး တို့ကို ရည်ရွယ်ကာ ဒို့အတူတူ မဲပေးကြမယ်  အသိပညာပေး လက်ကမ်းစာစောင်များကို ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီက လူစည်ကားရာ‌နေရာ စဉ့်ကိုင်မြို့ဝင် မီးပွိုင့်လမ်းဆုံအနီး၊ ရန်နိုင်ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ရန်နိုင်တံတားတစ်လျှောက် ခရီးသွားလာ ဒေသခံပြည်သူများ၊ ကျောက်ဆည်တက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသို့ ဖြန့်ဝေပေးခဲ့သည်။