Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြန်မာ့လက်မှုအနုပညာလက်မှုလုပ်ငန်း ပုဂံဒေသထွက် ယွန်းထည်ပစ္စည်း အရောင်းအဝယ်ပါးသော်လည်း ယွန်းလုပ်ငန်းများပုံမှန်လုပ်ကိုင်
May 19,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်းထုတ်လုပ်မှု အရောင်းအဝယ်ပါးသော်လည်း ယွန်းလုပ်သား၊ ယွန်းအလုပ်သမများ အဆင်ပြေစေရန် ယွန်းလုပ်ငန်း လည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း ပုဂံမြို့ ယွန်းလုပ်ငန်းရှင်များထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့် (လယ်/မူ) ဆရာ/ ဆရာမများအား ဘာသာရပ်မွမ်းမံသင်တန်းဆွေးနွေးပွဲကျင်းပ
May 19,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်တတ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းသင် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပန်းတောင်းမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်းနှင့် အ.မ.က (လွန်) ကျောင်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူ (Women Club) အဖွဲ့ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကျင်းပ
May 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ မြို့နယ်အမျိုးသမီးရေးရာ၊ စာပေချစ်မြတ်နိုးသူ (Women Club) အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲ ကျင်းပ
May 19,2025
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေဝန်ကြီး ဦးနေဝင်းအောင်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများတက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၄၉) ဦးအား သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတောင်ခြေရှိ ဘုန်းတော်ကြီးကျောင်း (၅၀) အား ဗီယက်နမ်ဗုဒ္ဓဘာသာသံဃာ့အဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့က ကျောင်းတိုက်တစ်တိုက်လျှင် ငွေကျပ်သိန်း (၂၀) စီ လှူဒါန်း
May 19,2025
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်ခံကြရသော မန္တလေးတောင်ခြေရှိ ဘုန်းတော်ကြီးကျောင်း (၅၀) အား ဗီယက်နမ်ဗုဒ္ဓဘာသာသံဃာ့အဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့က ကျောင်းတိုက်တစ်တိုက်လျှင် ငွေကျပ်သိန်း (၂၀) စီ လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မန္တလေးတောင်ခြေရှိ ရွှေညောင်ဂူကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
May 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန်နှင့် ပြည်သူများလျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ်ရရှိစေရေးရည်ရွယ်၍ မေလ(၁၆)ရက်နေ့နံနက်ပိုင်းက ကြိုတင်ကာကွယ်စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် နွေနှမ်း လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်
May 19,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်းစိုက်ပျိုးရန် (၁၈၈၁)ဧက လျာထားရာ (၄၀၉၂)ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်၌ ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းများ ဆောင်ရွက်
May 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၄)လမ်းနှင့် အောင်ချမ်းသာလမ်းဆုံတို့တွင် MORS Activity (ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1604
Page
1605
Page
1606
Page
1607
Current page
1608
Page
1609
Page
1610
Page
1611
Page
1612
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department