Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုဇွန်တောင်မြို့နယ် အမှတ်(၉)ရပ်ကွက်၊ အိမ်ကြီးလမ်းတွင် AC ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်
Sep 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် သန့်ရှင်းသပ်ရပ်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ AC ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို အမှတ် (၉) ရပ်ကွက်၊ အိမ်ကြီးလမ်းတွင် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ် ကံကုန်း(မူလွန်) ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးပင်ခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအား အသိပညာ၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီတွင် ကံကုန်း(မူလွန်) ကျောင်း၌ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုးတောင်သူများအား နေကြာမျိုးစေ့ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားဓါတ်မြေဩဇာများအား သက်သာနှုန်…
Sep 13,2022
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးစီး၍ ကယားပြည်နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုး တောင်သူ များအား နေကြာမျိုးစေ့အခမဲ့ ထောက်ပံပေးအပ်ခြင်းနှင့် ယူရီးယားဓါတ်မြေဩဇာများကို သက်သာ သောနှုန်းထားဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကယားပြည်နယ် ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများနှင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို မြို့နယ်များရှိ နေကြာစိုက်တောင်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/ ၂၀၂၂) ကျင်းပ
Sep 13,2022
ပဲခူးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/ ၂၀၂၂)ကို ယမန်နေ့နံနက် (၉) နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Sep 13,2022
ကျောင်းသားလူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများ တိုးပွားစေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် ပြူကန် ခေတ်မီစံပြကျေးရွာ (Smart Village)တွင် Transplanter Mounted Boom Sprayerဖြင့် ဆေးဖြန်းခြင်း သရုပ်ပြပွဲကျင်းပ
Sep 13,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာနနှင့် ပြူကန် ခေတ်မီစံပြကျေးရွာ (Smart Village) တောင်သူများ ပူးပေါင်းပြီး Transplanter Mounted Boom Sprayer ဖြင့် ဆေးဖြန်းခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကွင်းအမှတ် (၁၃၄၀) ပြူကန်ကွင်း တောင်သူ ဦးဝင်းချိုလယ်၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်အတွင်းရှိ အမှတ်(၈)ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး
Sep 13,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် စားဝတ်နေရေးအခက်အခဲရှိသည့် ပြည်သူများအား အဆင်ပြေမှုရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် ကျောင်းသား/သူများအား အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေး အသိပညာပေး ဟောပြော၍ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေး
Sep 13,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူများအား အစားအစာ ဘေးကင်းလုံခြုံမှုစေရှိရေးအတွက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက အထက (၉) အောင်မင်္ဂလာကျောင်းတွင် အသိပညာပေး ဟောပြောခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16092
Page
16093
Page
16094
Page
16095
Current page
16096
Page
16097
Page
16098
Page
16099
Page
16100
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department