မြဝတီမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မြဝတီ စက်တင်ဘာ  ၁၃

ကျောင်းသားလူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများ တိုးပွားစေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင်  ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်တွေအတွက် ပညာရေးဟာ အဓိက ရည်မှန်းချက်ဖြစ်ပါကြောင်း၊  လူငယ်ဘဝ ပညာသင်အရွယ်မှစပြီး မိမိဝါသနာဗီဇစရိုက်နဲ့ ကိုက်ညီတဲ့ ရည်မှန်းချက်ရှိရမှာဖြစ်ပါကြောင်း၊ အဲ့ဒီရည်မှန်းချက်ကိုလည်း ဆန္ဓာဓိပတိ ထားပြီး ကြိုးစားရမှာဖြစ်ပါကြောင်းနှင့် လူငယ်နှင့်အလေ့အထဆိုးများ၊ လူငယ်နှင့်အ​လေ့ထ ကောင်းများအား အသိပညာပေး ဟောပြောသည်။

ထို့နောက် ကျောင်းအုပ်ရာကြီး ဦးဝင်းဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်းပြီး ဖြေဆိုနိုင်သူများအား ဆုများချီးမြှင့်ပေးသည်။

ဟောပြောပွဲတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသည့် သုတရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်ပြဘုတ်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)