အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း၌ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်၍ တည်ငြိမ်အေးချမ်းစေရန်အတွက်   နယ်မြေစိုးမိုးရေးအနေဖြင့်  ကွင်းဆင်းအဖွဲ့  စစ်ကြောင်းကြီး (၅)ကြောင်းဖြစ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ(၃၄)ဦး ပါဝင်သောအဖွဲ့သည်  မိုးကုတ်မြို့မှ ထွက်ခွာလာခဲ့ရာ မိုးကုတ်မြို့နယ်၊ ပန်ယောင်းကျေးရွာ၌  ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင်  ဒေသခံပြည်သူများကျား(၂၆ )၊ မ(၃၅) စုစုပေါင်း (၆၁)ဦးနှင့် တွေ့ဆုံပြီး ဟောပြောဆွေ းနွေးခြင်း၊ဒေသခံပြည်သူများ၏ တင်ပြချက်များနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်  ညှိုနှိုင်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Sep 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ သိပ္ပံလမ်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ
Sep 14,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန     မိသားစုများမှ ဝါတွင်းကာလအတွင်း ဘုန်းတော်ကြီးကျောင်းများတွင် ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဝါဆိုသံဃာတော်များအတွက် ဆွမ်းကိစ္စရပ်များ အခက်အခဲမရှိစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ
Sep 14,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းမ၌ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ (၄) ခွဲနာရီက အဆိုပါ ရုံးဝန်ထမ်းများဖြင့် စာရေးဆရာ "ဗိုလ်ချုပ်အောင်ကြည်" ရေးသားထားသည့် "ခေါင်းဆောင်များအတွက် မိမိကိုယ်မိမိ စီမံခန့်ခွဲမှု" ဆိုတဲ့ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
Sep 14,2022
အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍
Sep 14,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီက အ.ထ.က(မတ္တရာ) အောင်ဆန်းခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။
Sep 14,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ကူရွာကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပူးပေါင်းအဖွဲ့ကဦးဆောင်၍ ယမန်နေ့နံနက်(၀၉:၀၀)နာရီက ဘုရားဖူးများနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်ပြီး နှာခေါင်းစည်းများကိုအခမဲ့ဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။