ပုဇွန်တောင် စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် သန့်ရှင်းသပ်ရပ်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ AC ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို အမှတ် (၉) ရပ်ကွက်၊ အိမ်ကြီးလမ်းတွင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်းမှာ အကျယ် (၁၈) ပေ အလျား (၁၁၀၀) ပေ ထု (၂)လက်မ AC ကတ္တရာဖြင့် ထပ်ပိုးလွှာ ခင်းခြင်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ ဆောင်ရွက်နေခြင်းဖြစ်ကာ လုပ်ငန်းပမာဏ၏ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်၍ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် လုပ်ငန်းပြီးစီး နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအား စံချိန်စံညွှန်းမီဖြစ်ရေးနှင့် သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေး ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာနှင့်အဖွဲ့က တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင် နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်