သနပ်ပင်မြို့နယ် ကံကုန်း(မူလွန်) ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

သနပ်ပင်  စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးပင်ခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအား အသိပညာ၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍  ယနေ့ နံနက် (၁၀) နာရီတွင် ကံကုန်း(မူလွန်) ကျောင်း၌ အသိပညာပေးဟောပြောပွဲအား  ကျင်းပပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိုပြာ က ကျောင်းသား/သူ  လူငယ်လူရွယ်များ အနေဖြင့် ငယ်ရွယ်စဉ်ထဲက အသိပညာ၊ ဗဟုသုတများကို လေ့လာစည်းပူးထားရန်၊  အကျင့်စာရိတ္တကောင်းမွန်စွာနေထိုင်ကြရန် စသည့်အကြောင်းအရာများကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်မိမိခိုင် က ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများနှင့် အခြားစာပေနှင့်ပတ်သက်သော မှတ်သားဖွယ်ရာ အကြောင်းအရာများနှင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အကြောင်းသိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)