အိမ်မဲ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က အထက(၁) ရွေညီလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူကုန်ကူးမှု ကလေး၊ အမျိုးသမီးများ၊ အမျိုးသားများ လူကုန်ကူးခံရပါက ခံစားရသည့်ဒုက္ခများ၊ ပြစ်မှု၊ ပြစ်ဒါဏ်များ စသည့် အသိပညာပေး အကြောင်းအရာများကို ကျောင်းသား/သူများအား ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် တိုင်းရင်းသားရုပ်ပုံစာအုပ်များကို ခင်းကျင်းပြသခြင်းနှင့် လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို အကျယ်တဝင့် သိရှိစေရေးအတွက် နံရံကပ်စာစောင်များကိုလည်း ပြသဆောင်ရွက်ထားမှုကို ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်(ပြန်/ဆက်)