တာချီလိတ် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ရေဘေးကယ်ဆယ်ရေးအတွက် လူလေးယောက်စီး သံလှေ(၄) စီးကို လူမှုကူညီရေးပရဟိတအသင်းသို့ ဦးစိုင်းစိုင်း BM (သွပ်အမိုးပြားနှင့် လိပ်တံခါး) စက်ရုံမှ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါစက်ရုံ၌ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့သည် ရေကြီးရေလျှံမှု ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ကြုံတွေ့ ရလေ့ရှိရာတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့လှူဒါန်းမှုကို လူမှုကူညီရေးအသင်း(၄)သင်းအား ကနဦးလှူဒါန်းခြင်းဖြစ်ပြီး၊ ဆက်လက်၍ ပရဟိတအသင်း (၆)သင်းအတွက်( ၆)စီးကို ထပ်မံလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ သံလှေများကို ပရဟိတအသင်းမှ တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။
ယာဆေး ( ပြန်/ဆက်)