အမြို့မြို့အနယ်နယ်သတင်းများ

Jan 08,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာ ထူးချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီခွဲက ပန်းမျိုးတစ်ရာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 08,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ကလိန်အောင်ကမြို့‌ပေါ်ရပ်ကွက်နှင့်‌ ဈေးဆိုင်များ၌ ဖြန့်ဝေခဲ့သည်။
Jan 08,2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး နေမှုများကို ယနေ့နံနက်ပိုင်းက သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 08,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကျင်းပမည့် မဲရုံနေရာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးသည်။
Jan 08,2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)၌ ပါဝင်သည့် ဘီးလင်းမြို့နယ်၏ MEVM မဲပေးစက်များ ကိုင်တွယ်အသုံးပြုနည်း( မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (ဘီးလင်း)ကျောင်း ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 08,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက (အမက) ကဒါစျေးကျောင်း‌‌၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 08,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (နဝမ) အကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်(ပထမ)နှစ်ပတ်လည် အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သာသနဝေပုလ္လပါဠိတက္ကသိုလ်ကျောင်းတိုက် မဟာဝိဇယဓမ္မဗိမာန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။