တောင်ကြီးမြို့၌ ၂၀၂၆ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

တောင်ကြီး ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌၂၀၂၆ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အလွတ်တန်းအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့သည်။

ဦးစွာ ကံသာရပ်ကွက်အသင်းနှင့် လမ်းမတော်ရပ်ကွက်အသင်း၊ ကန်အောက်(က)အသင်းနှင့် ကန်အောက်(ဂ)အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြောင်း သိရသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးရိုက်ခုတ်ဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံးနောက်ထိန်းဆုရရှိသော အားကစားသမားများကို မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီချိုမှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသများဆု၊ အမျိုးသားပိုက်ကျော်ခြင်း တတိယဆုရရှိသော ကံသာအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်းကျပ်ကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်းကလည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်း ဒုတိယဆုရရှိသော ကန်အောက်(ဂ)အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု(၇)သိန်းကျပ်ကို ဗိုလ်မှူးလှိုင်မြင့်ကလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ အမျိုးသားပိုက်ကျော်ခြင်း ပထမဆုရရှိသော ကန်အောက်(က)အသင်းအား ဆုတံဆိပ်နှင့်ငွေသား(၁၀)သိန်းကျပ်ကို မြို့နယ်စီမံခံ့ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက ပေးအပ်ချီးမြှင့်၍ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အလွတ်တန်းအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရပ်ကွက်၊ ကျေးရွာများမှ ပိုက်ကျော်ခြင်း အသင်းပေါင်း(၂၇) သင်းပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မင်းသန့် (ပြန်/ဆက်)