မိုးညို ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီခွဲအချိန်က မဲဆန္ဒရှင်ပြည်သူများအား အသိပေးကြေညာချက်များကို မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုးညိုမြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ပြည်သူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကျင်းပြုလုပ်ရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး သက်ဆိုင်ရာမဲရုံများသို့ သွားရောက်မဲပေးကြရန်နှိုးဆော်ခြင်း၊ ရွေးကောက်ပွဲနှိုးဆော်သည့် တေးသီချင်းများဖွင့်လှစ်ပေးခြင်းနှင့် လမ်းသွားလမ်းလာများအား ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)