အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ ဝက်သေကျေးရွာတွင် ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက် ဦးဆောင်၍ မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကိုပြုလုပ်ခဲ့ကြသည်။
Sep 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များနေပြည်သူများ၊ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် အပြင်ထွက်တိုင်း Mask  တပ်ဆင်အသုံးပြုသည့် အလေ့အထများ ရရှိစေရန် Mask Campaign အသိပညာပေးခြင်းနှင့် ခရီးသွားပြည်သူအများ လိုက်နာဆောင်ရွက်နိူင်စေရန် အများပြည်သူမြင်နိုင်စေမည့်  လမ်းဖြတ်ပိုစတာများ ချိတ်ဆွဲခြင်းကို ယနေ့နံနက်ပိုင်းက ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Sep 14,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနရှေ့နှင့် မြို့မစျေးကြီးရှေ့၌ ယနေ့နံနက်(၉:၀၀)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 14,2022
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ငကျးလက်ဒေသဖံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့က ကျေးရွာ(၁၂)ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း (၁၀၀)စီ ထောက်ပံ့ပေး အပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Sep 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရန် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲသို့
Sep 14,2022
ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကို အဓိကထား၍ အသက်မွေး ဝမ်းကြောင်းပြုကြသည့် ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးကို အဓိကထား စိုက်ပျိုး သည့် ဒေသတစ်ခုဖြစ်သည်။
Sep 14,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့်  ယနေ့နံနက်ပိုင်းက အမှတ်(၂) အဆင့်မြင့်စံပြဈေးရှေ့တွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 14,2022
သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.မ.ကရွာထောင်ကုန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။