လောင်းလုံး စက်တင်ဘာလ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များနေပြည်သူများ၊ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင်အသုံးပြုသည့် အလေ့အထများရရှိစေရန် Mask Campaign အသိပညာပေးခြင်းနှင့် ခရီးသွားပြည်သူအများ လိုက်နာဆောင်ရွက်နိူင်စေရန် အများပြည်သူမြင်နိုင်စေမည့် လမ်းဖြတ်ပိုစတာများ ချိတ်ဆွဲခြင်းကို ယနေ့နံနက်ပိုင်းက ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် Volunteer သည်အဖွဲ့များတို့က မြို့ပေါ်ရပ်ကွက်များတွင် သတ်မှတ်ထားသည့်နေရာများသို့ လှည့်လည်ကာ Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် ပြည်တွင်းကူးစက်မှုပြန်လည် ဖြစ်ပွားလာပြီးဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးသတ်မှတ်စည်းကမ်းချက်များနှင့်အညီလိုက်နာကြရန် ပြည်သူများအိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ကာကွယ် အကြိမ်ပြည့်ထိုးနှံကြရန်နှင့်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သိန်းသိန်း(လောင်းလုံး)