ဆင်ပေါင်ဝဲမြို့နယ်၌ ကျေးရွာ(၁၂)ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေမှ ကျပ်သိန်း (၁၀၀)စီထောက်ပံ့

ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ငကျးလက်ဒေသဖံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့က ကျေးရွာ(၁၂)ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း (၁၀၀)စီ ထောက်ပံ့ပေး အပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းရွှေမှ အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးမှ ရန်ပုံငွေထောက်ပံ့ပေးအပ်ရသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ရန်ပုံငွေများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် ရွာသစ်ကျေးရွာ၊ စည်ပင်လှကျေးရွာ၊ ဝါးရှိ(ကုန်း)ကျေးရွာ၊ တဲချောင်းကျေးရွာ၊ ကန်လှကျေးရွာ၊ မကြီးကန်ကျေးရွာ၊ ဆိုင်းစုကျေးရွာ အလယ်ရွာ​​ကျေးရွာ၊ မောင်းတုန်းကျေးရွာ၊ နားပဲ့ကျေးရွာ၊ သာဝတ္တိကျေးရွာ၊ ကရကတ်ကျေးရွာများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)