ရွှေသောင်ယံ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ ဝက်သေကျေးရွာတွင် ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက် ဦးဆောင်၍ မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကိုပြုလုပ်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်ရုံးရေးစစ်ကြောင်းဟူ၍ စစ်ကြောင်းကြီး(၅)ကြောင်းမှ ဌာနဆိုင်ရာအကြီးအကဲများမှ ရှေးဦးစွာကဏ္ဍအလိုက် ဆွေးနွေးခဲ့သည်။
ဆွေးနွေးရာတွင် ဒေသတွင်းလုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ ပညာရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနအကြီးအကဲများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှုများ စသည်ဖြင့် ပြည်သူများအား ချပြဆွေးနွေးပြီး ပြည်သူများမှတင်ပြလာသည့် လိုအပ်ချက်များအပေါ် ချက်ချင်းညှိနှိုင်း ဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်ပေးကာ၊ ချက်ချင်းဆောင်ရွက်မပေးနိုင်သည်များ ရှိပါက မှတ်သားထား၍ ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့၊ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ ရွှေသောင်ယံ နယ်မြေတပ်စခန်းမှ ဗိုလ်ကြီးရဲနိုင် စစ်ကြောင်းကြီး(၅)ကြောင်းမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)