ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေး Mask Campaign ဆောင်ရွက်

ညောင်လေးပင် စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနရှေ့နှင့် မြို့မစျေးကြီးရှေ့၌ ယနေ့နံနက်(၉:၀၀)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်  နေအိမ်ပြင်ပသို့သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေးပြောကြားပြီး  Mask များကို အခမဲ့ပေးဝေခဲ့ကြောင်းသိရသည်။

ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့ကျနေသော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဇော်မင်းယုနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့်မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ လူမူရေးအဖွဲ့အစည်းများက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)