တန့်ယန်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရန် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်သူ၊ ကြီးကြပ်သူ၊ ပြိုင်ပွဲဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယမန်နေ့က မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးပေးခဲ့သည်။
အဆိုပါ စစ်ဆေးပေးမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တာဝန်ရှိသူတို့က ကြီးကြပ်၍ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်သူ၊ ကြီးကြပ်သူ၊ ပြိုင်ပွဲဝင် စုစုပေါင်း (၂၇)ဦးအား နှာခေါင်းနှင့် အာခေါင်တို့မှ တို့ဖတ် နမူနာရယူ၍ (RDT) စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)