အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2022
သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖွံဖြိုးရေးလုပ်ငန်းများအား Cash For Work (CFW) စီမံကိန်းနှင့် ကျေးရွာဖွံဖြိုးရေးလုပ်ငန်း စီမံကိန်း (VDP) တို့ဖြင့် ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work (CFW) စီမံကိန်းဖြင့် ဒေးဇတ်ကျေးရွာတွင် မြေသားရေကန်ခြေဆင်းပြုပြင်ခြင်း၊ ကန်ဘောင်မျက်နှာပြင်ညှိခြင်း၊ ခြံစည်းရိုးအောက်ခြေ လွတ်နေရာများ မြေဖြည့်ခြင်း၊ သဲအိတ်ဘောင်ကပ်ခြင်း၊ ကွန်ကရစ် လမ်းဘေးဝဲယာ လမ်းပခုံးမြေကြီးကပ်ခြင်း၊ ဝါးကပ်တုတ်ရိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။
Sep 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဝန်ထမ်းများမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Sep 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း(Youth Club) တို့ ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင် ဗဟုသုတများ ဆွေးနွေးဖလှယ် နိုင်စေရန်နှင့် စာပေဖတ်ရှု
Sep 14,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများအရည်အသွေးပြည့်မီသော ဆပ်ပြာများကိုနည်းစနစ်မှန်စွာဖြင့် တစ်နိုင်တစ်ပိုင်ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍
Sep 14,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်  မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်၈နာရီက မြို့သစ်ရပ်ကွက်ရှိ မြို့မစည်ပင်သာယာစျေးလမ်းဆုံတွင် လမ်းသွား၊ လမ်းလာသူများနှင့်စျေးရောင်း၊ စျေးဝယ်သူများအား Mask  Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယနေ့နံနက်ပိုင်း က ကျောင်းသားလူငယ်များ မြန်မာ့စာပေဗဟုသုတကြွယ်ဝလာစေရေး အတွက်ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Sep 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 14,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အောင်သာယာစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။