ကလေးတွင် အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကလေး စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဝန်ထမ်းများမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်()ပြည်လျှင် (၁၅၀၀)ကျပ်၊ ဆီ(၁၀) ဆယ်သားလျှင်(၁၀၀၀)ကျပ်၊ ကြက်ဥ()လုံးလျှင် (၁၀၀၀)ကျပ်၊ စုစုပေါင်း(၃၅၀၀)ကျပ်နှုန်းဖြင့် နံနက် () နာရီအချိန်မှစတင်၍ ဈေးဝယ်သူတစ်ဦးချင်းစီအား ဂေါ်ရခါးသီး()လုံးစီကို လက်ဆောင်ပေးခဲ့ပြီး တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေများတွင် အပတ်စဉ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့ရောင်းချပေးရာတွင် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရန်နှင့် ပြည်သူများအေးချမ်းစွာဝယ်ယူနိုင်စေရန်အတွက် အနီးကပ်ကြီးကြပ်၍ တစ်ပတ်လျှင်()ရက် ရောင်းချပေးနေပြီး အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသောကြောင့် ဝယ်ယူသူများမှာ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)