သန်လျင် စက်တင်ဘာ ၁၄
သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖွံဖြိုးရေးလုပ်ငန်းများအား Cash For Work (CFW) စီမံကိန်းနှင့် ကျေးရွာဖွံဖြိုးရေးလုပ်ငန်း စီမံကိန်း (VDP) တို့ဖြင့် ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work (CFW) စီမံကိန်းဖြင့် ဒေးဇတ်ကျေးရွာတွင် မြေသားရေကန်ခြေဆင်းပြုပြင်ခြင်း၊ ကန်ဘောင်မျက်နှာပြင်ညှိခြင်း၊ ခြံစည်းရိုးအောက်ခြေ လွတ်နေရာများ မြေဖြည့်ခြင်း၊ သဲအိတ်ဘောင်ကပ်ခြင်း၊ ကွန်ကရစ် လမ်းဘေးဝဲယာ လမ်းပခုံးမြေကြီးကပ်ခြင်း၊ ဝါးကပ်တုတ်ရိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကံကြီးစုကျေးရွာတွင် ကွန်ကရစ်လမ်းချဲ့ခြင်း၊ သာယာကုန်းကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း၊ သနပ္ပင်ကျေးရွာ ရွာတွင်းလမ်းဘေးဝဲယာ ကွန်ကရစ်လမ်းတိုးချဲ့ခြင်း၊ ထော်သွန်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ စက်တင်ဘာ ၁၃ ရက်က မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်မြတ်မြတ်မော်၊ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်ဥမ္မာခိုင်နှင့် ဝန်ထမ်းများ က ကွင်းဆင်းကြည့်ရှု့၍ သက်ဆိုင်ရာကျေးရွာ ကော်မတီဝင်များနှင့် တွေ့ဆုံပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ အချိန်မီပြီးစီးရေး ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)