ချမ်းမြသာစည် စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အောင်သာယာစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ Mask Campaign တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး၀န်ထမ်းများ၊ အသင်းအဖွဲ့များက စျေးသည်များ၊ စျေးဝယ်လာသူများ၊ အများပြည်သူများအား Mask များဖြန့်ဝေခဲ့ပြီး ကိုဗစ်-၁၉ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ခင်စိမ်း၀င်း (ပြန်/ဆက်)