မာန်အောင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-5 ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask  Campaign ပြုလုပ်

မာန်အောင် စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်  မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်၈နာရီက မြို့သစ်ရပ်ကွက်ရှိ မြို့မစည်ပင်သာယာစျေးလမ်းဆုံတွင် လမ်းသွား၊ လမ်းလာသူများနှင့်စျေးရောင်း၊ စျေးဝယ်သူများအား Mask  Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက လမ်းသွားလမ်းလာသူများနှင့် စျေးရောင်း၊ စျေးဝယ်သူများအား နှာခေါင်းစည်း Mask များကို အခမဲ့ တပ်ဆင်ပေးခြင်း၊ ကူးစက်မြန်  ကိုဗစ်-၁၉ အိုမီခရွန်မျိုး ရိုးဗီဇပြောင်း BA-5 ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ  အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ်- ၁၉ ရောဂါ  ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံကြရန်တို့ကို အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)