အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာ (PPTT-၈/၂၂) သင်တန်း ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ပညာရေးဒီဂရီကောလိပ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်  မျိုးရိုးဗီဇပြောင်းဗိုင်းရပ်စ်များအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ယနေ့နံနက် (၈) နာရီခွဲ ကပလိပ်ကျေးရွာအုပ်စု ပလိပ်စျေးရှေ့လမ်းမကြီးနှင့် စျေးအတွင်း Mask Campaign လှုပ်ရှားမှုနှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 14,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါက်တောမြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး Talk Show  ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre )၌ ကျင်းပသည်။
Sep 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပလောက်နယ်မြေ မီးသတ် စခန်းသို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Sep 14,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိ ဝမ်းတွင်းဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Sep 14,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု(၅၈၀)စုအား မြိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆောင်သော မိတ်ဆွေသူငယ်ချင်းများ စုပေါင်း၍ ယနေ့နံနက်ပိုင်းက ဆန်(၃)ပြည် နှုန်းစီ လှူဒါန်းခဲ့ကြသည်။
Sep 14,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် ကန်ချောအုပ်စု အေးကြည်ကုန်းကျေးရွာ သီရိမင်္ဂလာခန်းမ၌ ကျင်းပကြောင်းသိရသည်။