အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ သာယာဝတီကျေးရွာအုပ်စု၊ သာယာဝတီကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို သာယာဝတီကျေးရွာ မဏိရတနာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
Sep 15,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်
Sep 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင် ငွေတိုးပွားစေရန် ဆင်းရဲမှုနှုန်းလျှော့ကျစေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မှိုကုန်းသာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။
Sep 15,2022
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ​ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များ အခမဲ့​ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဘုရင့်နောင်စျေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.ထ.က ဥသျှစ်ပင်ကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စာပေဟောပြောခဲ့ကြောင်း သိရသည်။
Sep 15,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့တွင် မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီမှ မိုးစပါးတင်း(၁၀၀)အထက် အထွက်နှုန်းရရှိရေး စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က သင်အိုင်အုပ်စု၊ သင်အိုင်ကျေးရွာ‌ တောင်သူဦးအောင်အောင်၏ လယ်မြေ၌ ပြုလုပ်ခဲ့သည်။
Sep 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် နိုင်ငံတော်မှ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေးဖော် ဆောင်လျက်ရှိရာတွင် ကျောင်းသား၊ ကျောင်းသူ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြောင်းမြမြို့၊ အ.ထ.က(၇)ကျောင်းတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည်။
Sep 15,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ပျဉ်းမနားမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နေ့စဉ် နံနက်ပိုင်းတစ်ကြိမ်နှင့် မွန်းလွဲပိုင်းတစ်ကြိမ် လူစည်ကားရာစျေးများနှင့် လမ်းဆုံများတွင် Mask Campaign ပြုလုပ်ခြင်းနှင့် Mask တပ်ဆင်သွားလာရန် အသိပညာ​ပေးလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။