ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြော

ပန်းတောင်း စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.ထ.က ဥသျှစ်ပင်ကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စာပေဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သင်းသင်းအေးက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေးစသည့်အချက်များနှင့် စာပေများဖတ်ရှုခြင်းဖြင့် အသိပညာတိုးတက်စေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများစာဖတ်သည့်အလေ့အထရှိစေရန်နှင့် စာကြည့်တိုက်သို့လာရောက်၍ စာပေများလေ့လာဖတ်ရှုစေရန်စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်းသိရသည်။

ထို့နောက်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာမောင်လှကျော်(ပန်းတောင်း)မှ “အရိုးပေါ်အရွက်မဖုံးစေရ”ခေါင်းစဉ်ဖြင့်လည်း​ကောင်း၊ စာရေးဆရာမောင်တည်ခိုင်(ပန်းတောင်း)တို့မှ “လူငယ်နှင့်ရသစာပေ”ခေါင်းစဉ်ဖြင့်လည်းကောင်း သုတ/ ရသအကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)