မြောင်းမြ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် နိုင်ငံတော်မှ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေးဖော် ဆောင်လျက်ရှိရာတွင် ကျောင်းသား၊ ကျောင်းသူ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြောင်းမြမြို့၊ အ.ထ.က(၇)ကျောင်းတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်များ ကျန်းမာကြံ့ခိုင်စွာ ပညာသင်ကြား နိုင်ရေး၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ မြို့နယ်အား/ကာမှူး ဦးစိုင်းဝေလင်းနောင်က လူငယ်နှင့်ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးက လူငယ်နှင့်စားသုံးသူရေးရာအသိပညာ ခေါင်းစဉ်တို့ ဖြင့် အသီးသီးဟောပြောခဲ့ကြ သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါ အသိပညာပေး လက်ကမ်းများ ဖြန့်ဝေခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် မြို့နယ် အား/ကာမှူး ဦးစိုင်းဝေလင်းနောင်က အားကစားပစ္စည်းများအား အ.ထ.က(၇)ကျောင်းသို့ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ အ.ထ.က(၇)ကျောင်းမှ ကျောင်းသား/ကျောင်းသူလူငယ်များ (၂၅၀)ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)