ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်အသီးသီးမှ Mask Campaign များ ပြုလုပ်

နေပြည်တော် စက်တင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ပျဉ်းမနားမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နေ့စဉ် နံနက်ပိုင်းတစ်ကြိမ်နှင့် မွန်းလွဲပိုင်းတစ်ကြိမ် လူစည်ကားရာစျေးများနှင့် လမ်းဆုံများတွင် Mask Campaign ပြုလုပ်ခြင်းနှင့် Mask တပ်ဆင်သွားလာရန် အသိပညာ​ပေးလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းနှင့် Mask တပ်ဆင်သွားလာရန် အသိပညာ​ပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့များက ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့‌ဖြန့်ဝေပေးခြင်း၊ Mask တပ်ဆင်သွားလာရန် အသိပညာ​ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အလားတူ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့တွင်လည်း ဈေးရောင်း/ ဈေးဝယ်နှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့‌ဖြန့်ဝေပေးခြင်း၊ Mask တပ်ဆင်သွားလာရန် အသိပညာပေးခြင်းများနှင့် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆက်လက်၍လည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

(နေပြည်တော်ပြန်/ဆက်)