အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းကို မိုင်းပတ်ကျေးရွာအုပ်စု၌ ဖွင့်လှစ်နိုင်ရန် စတင်စီစဉ်ဆောင်ရွက်နေပြီဖြစ်သည်။
Sep 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၂ ခုနှစ်၊ ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင် အဆင့်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Sep 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက  ပေးအပ်ခဲ့သည်။
Sep 15,2022
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
Sep 15,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့အစည်းများသည် ယနေ့နံနက် ၁၀ နာရီချိန်က ကျုံဒိုးမြို့ အမှတ်(၂)ရပ်ကွက် အေးစေတီဓမ္မာရုံ၌ အမှတ်(၂/၃)ရပ်ကွက် နေပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
Sep 15,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီခန့်ကစတင်၍ ဘားအံမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 15,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် BA4, BA5 ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးသုံးကြိမ်ထိုးနှံထားပြီး