Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြံခင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမ၊ ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်း သူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နဂါးရုံဘုရား၊ ၉ တောင်ပြည့်စေတီတော်ရွှေသင်္ကန်းကပ်၊ အောင်ဝိဇ္ဇာဓမ္မာရုံ၊ ရေသိမ်တော်နှင့် ဓါတုဝိဇ္ဇာကျောင်းဆောင် ရေစက်ချအလှူတော…
Jan 08,2026
အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မြို့မဆရာတော် ဘဒ္ဒန္တကောဝိဒအမှူးပြုသော ဆရာတော်များနှင့် နဂါးရုံဘုရား၊ (၉)တောင်ပြည့်စေတီတော် ရွှေသင်္ကန်းကပ်၊ အောင်ဝိဇ္ဇာဓမ္မာရုံ၊ ရေသိမ်တော်နှင့် ဓါတုဝိဇ္ဇာကျောင်းဆောင် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ပုသိမ်မြို့နယ်၊ ပုသိမ်-ချောင်းသာကားလမ်း (၂၃) မိုင်ရှိ၊ အောင်ချမ်းသာတောရကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ တပည့်ဒါယကာ+ဒါယိကာမများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်တွင် မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ လက်တွေ့မွမ်းမံသင်တန်းနှင့် မဲရုံအခင်းအကျင်း သရုပ်ပြသင်တန်း ဒုတိယနေ့ ဆက်လက်ကျင်းပ
Jan 08,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲပေးစက်ကိုင်တွယ်သူများအား စက်အသုံးပြုခြင်းဆိုင်ရာ လက်တွေ့မွမ်းမံသင်တန်းနှင့် မဲရုံအခင်းအကျင်း သရုပ်ပြသင်တန်း၏ ဒုတိယနေ့အခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ချယ်ရီစူပါစိမ်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 08,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးဓာတုကင်းလွတ် ပေါ်ဆန်းမွှေးစံကွက်ရိတ်သိမ်းပွဲတက်ရေ…
Jan 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဧရာဝတီ(ရေကြည်) မိုးစပါးဓာတုကင်းလွတ်ပေါ်ဆန်းမွှေး (၂၅၀)ဧက အထူးဇုန် စံပြစိုက်ခင်းစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက တောင်သူဦးကြည်ခိုင်စိုး၏ စိုက်ဧက(၅၀)ဧကတွင် ပြုလုပ်ခဲ့ရာ စံကွက်ရိတ်သိမ်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံမှူးများမှ လာရောက်ထုတ်ယူ
Jan 08,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူးကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား မောက်မယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများသို့ ဖြန့်ဝေချထားနိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက မြို့နယ်နမ့်ယွမ်းခန်းမတွင် စတင်ထုတ်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ဖူးစားပြောင်း ဧက ၁၃၀၀ ကျော်စိုက်ပျိုးပြီးစီး
Jan 08,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြောင်းသီးနှံအဓိကစိုက်ပျိုးသောဒေသတစ်ခုဖြစ်ပြီး ယခုနှစ်ဆောင်းရာသီ၌ ဖူးစားပြောင်း ဧက ၁၃၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ
Jan 08,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် ပျော်ရွှင်ခြင်းစာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1599
Page
1600
Page
1601
Page
1602
Current page
1603
Page
1604
Page
1605
Page
1606
Page
1607
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department