အမြို့မြို့အနယ်နယ်သတင်းများ

Jan 08,2026
ကျောင်းသား/ ကျောင်းသူများ ကာယစွမ်းရည်တိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး အားကစားကိုချစ်မြတ်နိုးတက်စေရန် ဗလငါးတန်တွင် တစ်ခုအပါအဝင်ဖြစ်သော ကာယဗလဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)၌ ယနေ့နံနက်ပိုင်းက ကာယစွမ်းရည်အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့သည်။
Jan 08,2026
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပဆောင်ရွက်မည့် မဲရုံများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မဲရုံများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
Jan 08,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်း၊ သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)များ တပ်ဆင်ခြင်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်ခြင်း အခမဲ့ဆောင်ရွက်‌ပေးခြင်းကို  ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ  ကုသဆောင်ရွက်ပေးမည်ဖြစ်၍ စာရင်းပေးသွင်နိုင်ကြောင်း သိရသည်။
Jan 08,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့အခြေခံပညာအထက်တန်းကျောင်းတေဇခန်းမ၌ ကျင်းပသည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား အီလက်ထရောနစ်မဲပေးစက် အသုံးပြုသည့် မဲရုံအတွက် ခင်းကျင်းမှု သရုပ်ပြသခြင်းနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုရန် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Jan 08,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် (၁၀) နာရီက ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
Jan 08,2026
မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအား မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးရာတွင် ဆန္ဒမဲအမှတ်စဉ်များ အလွယ်တကူသိရှိပြီး အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ(၁၁)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေး တစ်အိမ်တက်ဆင်း Voter Slip များ လိုက်လံဖြန့်ဝေပေးခြင်းကို ရက်ကွက်/ကျေးရွာအုပ်စုများအလိုက် ယနေ့နံနက်ပိုင်းက ဆက်လက်ဖြန့်ဝေးပေးလျက်ရှိကြောင်း သိရသည်။
Jan 08,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 08,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကျွဲနွားတိရစ္ဆာန်အစာပင် ၁၀၂၂၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။