အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉နာရီအချိန် က နတ်တလင်းမြို့၊ မြို့မစည်ပင်သာယာစျေးရှေ့ လူစည်ကားရာနေရာ၌ ဆောင်ရွက်ခဲ့သည်။
Sep 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာ​လေမြို့၌ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(တာချီလိတ်)မှ ကြီးမှူး၍ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်းသင်တန်း (၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်က ရုံးလမ်းလမ်းဆုံ၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နတ်တလင်းမြို့ပေါ်ရှိ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၇) နာရီအချိန်မှစတင်၍ နတ်တလင်းမြို့၊ မြို့မစည်ပင်သာယာစျေးရှေ့၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဒေသန္တရတိုးမြှင့်စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Sep 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ကုန်စည်စျေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချူပ်နိုင်ရေးအတွက် ပြင်ပပေါက်စျေးထက် သက်သာသော ဈေးနှုန်းများဖြင့် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာ‌ရေး အဖွဲ့နှင့်ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက ထူးကြီးမြို့ဈေးတွင် ပြည်သူများအား အခြေခံ စားသုံးကုန်စည်များ ရောင်းချပေးခဲ့သည်။
Sep 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ ဒေသပညာရေးမှူးရုံး ဆိုင်းဘုတ်ဖွင့်ပွဲအား ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာမြို့မစျေးကြီးအတွင်း စျေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမှတ် (၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။