Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းခတ်၌တန်ဖိုးသင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် ယနေ့နံနက် ၇ နာရီအချိန်ကစတင်၍ မြို့နယ်ပန်းခြံလမ်းတွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လူသစ်တန်းနှင့် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ပြိုင်ပွဲဆုချီးမြှင့်
Sep 19,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လူသစ်တန်းနှင့် မြန်မာနိုင်ငံ ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချူပ်ဥက္ကဋ္ဌဖလား ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်
Sep 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူ လူငယ်များအတွက် ယနေ့ နံနက်(၉)နာရီအချိန်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သီပေါမြို့၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်
Sep 19,2022
၂၀၂၂ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဇာတ်စုရပ်ကွက်ရှိ နန်းဦးစေတီပရိယတ္တိစာသင်တိုက်အတွင်း၌ မြို့နယ်ရဲတပ်ဖွဲ့၏ဦးဆောင်မှုဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၈)နာရီကဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်း ဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Sep 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ ပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယမန်နေ့ နေ့လယ်ပိုင်း က မြင်းကကွင်းကျေးရွာတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် မီးသတ်တပ်ဖွဲ့ဦးစီးဌာနနှင့် အမှတ်(၈၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်
Sep 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်း လူစည်ကားရာ စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေး
Sep 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် Six Winner Brothers Co., Ltd နှင့် ကိုကျော်ကြီး+မေသူကုန်မျိုးစုံဆိုင်မှ၊ စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းအား ယမန်နေ့ ညနေ ၃ နာရီအချိန်က မေသူကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် နေအိမ်အရှေ့၌ ဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15950
Page
15951
Page
15952
Page
15953
Current page
15954
Page
15955
Page
15956
Page
15957
Page
15958
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department