ရန်ကုန် စက်တင်ဘာ ၁၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လူသစ်တန်းနှင့် မြန်မာနိုင်ငံ ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချူပ်ဥက္ကဋ္ဌဖလား ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမျိူးသားအသက်(၂၁)နှစ်နှင့် အောက်အငယ်တန်း ကာယဗလမောင်ပြိုင်ပွဲ ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀၊ ၈၀နှင့်အထက် ကီလိုတန်းကာယဗလ မောင်ပြိုင်ပွဲများတွင် ကာယဗလမောင်များက ကျစ်လစ်ခိုင်မာသော ကြွက်သားများကို သတ်မှတ်ကိုယ်ဟန် ခုနှစ်မျိူးဖြင့် ပြသကြရာ ပဏာမရွေးချယ်ခဲ့ကြသည်။
ဆက်လက်၍ အမျိူးသား၊ အမျိုးသမီး Athletic Physique ပြိုင်ပွဲ၊ အမျိူးသမီး Model Physique (၁၆၀ စင်တီမီတာ) ပြိုင်ပွဲ၊ အမျိူးသမီး Model Physique (၁၆၀ စင်တီမီတာ)နှင့်အထက် ပြိုင်ပွဲ အမျိူးသား Sports Physique (၁၇၀ စင်တင်မီတာ) ပြိုင်ပွဲ၊ အမျိူးသား Sports Physique (၁၇၀ စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ အမျိူးသမီး Fitness Physique ပြိုင်ပွဲများတွင် ကာယဗလမောင်မယ်များက သတ်မှတ်ကိုယ်ဟန်ခုနှစ်မျိူးဖြင့် ယှဉ်ပြိုင်ကြရာ ပဏမရွေးချယ်ခဲ့ကြသည်။
ထို့နောက် ဗိုလ်လုပွဲပြိုင်ပွဲများ ကျင်းပရာ ပဏမရွေးချယ်ခံရသော ကာယဗလမောင်မယ်များက သတ်မှတ်ကိုယ်ဟန်ခုနှစ်မျိူးဖြင့် နောက်ခံတေးဂီတနှင့်အတူ ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချူပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းတရာသူကြီးချုပ်၊ တိုင်းဥပဒေချုပ်၊ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချူပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ ကြည့်ရှုအားပေးကြပြီး အမျိူးသား(၂၁)နှစ်နှင့် အောက်အငယ်တန်း ကာယဗလပြိုင်ပွဲ၊ ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀၊ ၈၀နှင့်အထက် ကီလိုတန်းပြိုင်ပွဲ၊ အမျိူးသား Athletic Physique ပြိုင်ပွဲ၊ အမျိူးသမီး Athletic Physique ပြိုင်ပွဲ၊ အမျိူးသမီး Model Physique (၁၆၀ စင်တီမီတာ)ပြိုင်ပွဲ၊ အမျိုးသမီး Model Physique (၁၆၀ စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ၊ အမျိူးသား Sports Physique (၁၇၀ စင်တီမီတာ) ပြိုင်ပွဲ၊ အမျိူးသား Sports Physique (၁၇၀ စင်တီမီတာ)နှင့် အထက်ပြိုင်ပွဲ၊ အမျိူးသမီး Fitness Physique ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)