ကာလိမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်

ကာလိ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူ လူငယ်များအတွက် ယနေ့ နံနက်(၉)နာရီအချိန်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က လူငယ်များအား သိသင့်သိထိုက်သော အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး ကျောင်သား/သူများအား လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်း ဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး စသည့် အသိပညာပေးအကြောင်းအရာများကို ရှင်းလင်းဟောပြောပေးခဲ့သည်။ အဆိုပါဆောင်ရွက်မှုတွင် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၂၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)