Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်အသုံးပြု သွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ဈေးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့ မြင်တင်ရပ်မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တော် စိုက်ထူခြင်းအခမ်းအနား
Sep 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တော်တင်အခမ်းအနားကို ယမန်နေ့ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပန္နက်တော်စိုက်ထူခဲ့ကြောင်း သိရှိသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီလင်းဇွဲကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအဆင့်မှ အထက်တန်းကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်
Sep 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လင်းဇွဲမဲဇလီကျေးရွာအုပ်စု၊ မဲဇလီလင်းဇွဲကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအဆင့်မှ အထက်တန်းကျောင်း(ခွဲ) အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မဲဇလီလင်းဇွဲကျေးရွာ အထက်တန်းကျောင်းခွဲ အရှေ့မျက်နှာစာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ဆက်လက်ရောင်းချ
Sep 18,2022
ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ယနေ့နံနက် ၈ နာရီအချိန်ခန့်က လမ်းမတော်မြို့နယ် မော်တင်ယာယီစျေးရပ်ကွက်၊ စဉ့်အိုးတန်လမ်းရှိ ပြည်သူများထံသို့ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်
Sep 18,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာရှိ တောင်သူဦးစိုးနိုင်၏ ကွင်းအမှတ်(၉၈၈)တွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက် ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့၌ ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ(၁)ပိဿာ ၅၈၀၀ ကျပ်ဖြင့် ရောင်းချ
Sep 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးသူလက်ဝယ်အရောက် တိုက်ရိုက် လက်လီလက်ကားစနစ်ဖြင့် ဆီ (၁) ပိဿာလျှင် ၅၈၀၀ ကျပ်နှုန်းဖြင့် ယနေ့မွန်းလွဲ(၁၂)နာရီက မြို့မဈေးကြီးအနောက်ဘက်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်ကြက်ခြေနီအသင်းမှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကျင်းပ
Sep 18,2022
၂၀၂၂ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို စက်တင်ဘာ ၁၈ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၁၈) ရပ်ကွက်၊ မြရည်နန္တာလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြို့နယ်အသင်းခွဲရုံး၌ ကျင်းပကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြည်နယ်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော ကျောက်ဖြူခရိုင်မှ ဆုရရှိသူများနှင့် ပြိုင်ပွဲဝ…
Sep 18,2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော ကျောက်ဖြူခရိုင်မှ ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဆုရရှိခဲ့သူများနှင့် ပြိုင်ပွဲဝင်များ တက်ရောက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15952
Page
15953
Page
15954
Page
15955
Current page
15956
Page
15957
Page
15958
Page
15959
Page
15960
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department