Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးစပါးစိုက်တောင်သူများ စပါးပေါ်ချိန် ယခင်နှစ်ကထက်ပို၍ ဈေးကောင်းရရှိ
Sep 20,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့မှ သက်ငယ်မိုးစပါးစိုက်တောင်သူများ စက်တင်ဘာလ စပါးရိတ်သိမ်းချိန် ယခင်နှစ်ကထက် ပို၍ဈေးကောင်း ရရှိလျက်ရှိကြောင်း ထောက်ကြံ့တောကျေးရွာ တောင်သူတစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ ပြည်သူများနှာခေါင်းစည်း (Mask)တပ်ဆင်သွားလာရေး အသိပညာပေးပြီး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 20,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့် အသိပညာပေးခြင်းကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီက တနိုင်းမြို့ လူစည်ကားသည့် လီဒိုလမ်းမကြီးပေါ်ရှိ လမ်းဆုံလမ်းမနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့ပေါ်နှင့် ကျေးရွာအုပ်စု အသီးသီးတွင် ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်/လမ်းစည်းကမ်းစစ်ဆေးခြင်းများဆောင်ရွက်
Sep 20,2022
ယာဉ်တိုက်မှုကြောင့် နှစ်စဉ်အသက်ပေါင်းများစွာ ဆုံးရှုံးလျက်ရှိရာ ထိုသို့မဖြစ်ပေါ်ရေးနှင့် စည်းကမ်းလိုက်နာ၍ ဘေးအန္တရာယ် ကင်းဝေးရေးတို့ အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ပေါ်နှင့် ကျေးရွာ အုပ်စု အသီးသီးတွင် ဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်ရှိ တောင်သူလယ်သမားများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ များပေးအပ်
Sep 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ တုံလောကျေးရွာအုပ်စုနှင့် ဝမ်လုံ/ယန်းလွိုင်ကျေးရွာအုပ်စုတို့မှ တောင်သူလယ်သမားများအား လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့ အမှတ်(၃)ရပ်ကွက် ဥယျာဉ်တန်းလမ်း၌ ရေပိတ်ကတ္တရာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်
Sep 20,2022
မကွေးတို်ငးဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်းမှ လမ်းများအား ကောင်းမွန်စေရန် ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၃)ရပ်ကွက် ဥယျာဉ်တန်းလမ်း၌ ရေပိတ်ကတ္တရာခင်းခြင်းလုပ်ငန်းအား တာဝန်ခံအင်ဂျင်နီယာ ဦးသက်နိုင်ထွန်းက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေနှုန်းဖြင့် ကျေးလက်နေပြည်သူများလက်ဝယ်အရောက်ဆက်လက်ရောင်းချပေး
Sep 20,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျေးလက်နေပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်ခန့်ကစတင်၍ တရုတ်လှကျေ းရွာ၊ ကော့ကျိုက်ကျေးရွာနှင့် ဝင်းကျန်ကျေးရွာတို့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေးအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့ ညနေပိုင်းတွင်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုက်ရာဌာနဆိုင်ရာများနှင့် ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက video conferencing စနစ်ဖြင့်တက်ရာက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(၂၀၇၅)ဦးထိုးနှံပြီးဖြစ်
Sep 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် မြို့တော်ခန်းမနှင့် သံရွာ၊ မင်းစု၊ စမာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ၊ ဒွေးလှ ကျန်းမာ ရေးဌာနခွဲ ဆေးရုံများနှင့် စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိရေး ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီက စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (၂၀၇၅)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15893
Page
15894
Page
15895
Page
15896
Current page
15897
Page
15898
Page
15899
Page
15900
Page
15901
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department