အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော ခေါင်းဆောင်ကောင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇန်နဝါရီ ၈ ရက်နေ့ ညနေပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား အစမ်းလေ့ကျင့်မှုကို ယနေ့နံနက် ၉ နာရီအချိန်က တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
Jan 10,2026
စစ်တွေမြို့တည်နှစ်(၂၀၀)ပြည့်အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး အလွတ်တန်း မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး၊ ဝင်္ကဘာကွင်းရှေ့၌ ကျင်းပသည်။
Jan 10,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
Jan 10,2026
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လိုအပ်သည့်အခြေခံအဆောက်အဦများကို တည်ဆောက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ   လိုက်လံကြည့်ရှုစစ်ဆေးသည်။
Jan 10,2026
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၀ ရက်၊ နံနက်ပိုင်းတွင်း မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူပူဇော်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နေမှု လုပ်ငန်းများဆောင်ရွက်နေမှုများ အားလိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သာည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
Jan 10,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်အတွင်းရှိ မဲရုံများသို့သွားရောက်ကာ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦး‌ကျော်သန်းထွန်းနှင့်အဖွဲ့ဝင်များသည် မြို့နယ်အတွင်း မဲရုံ ၇၀ ရုံရှိ တာဝန်ကျ မဲရုံမှူး၊ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူများ၊ လုံခြဲရေးတာဝန်ကျသူများနှင့် တွေ့ဆုံ၍  မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။