အမြို့မြို့အနယ်နယ်သတင်းများ

May 21,2025
 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ မြို့သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း (၁၀၀၀၀) ပျိုးထောင်ထားကြောင်း သိရသည်။
May 21,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ မေလအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက် (၆)နာရီမှစတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍  ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 21,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်ခဲ့ရသော အခြေခံပညာစာသင်ကျောင်းများအား ဗီယက်နမ်ဆရာတော်ဘဒ္ဒန္တဝိမလ ဦးဆောင်သော ဘာသာရေးအဖွဲ့က ယမန်နေ့ ညနေပိုင်း (၃) နာရီအချိန်တွင် လမ်း၆၀၊ ၁၃၅လမ်းရှိ အ.ထ.က (၂၇) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိလာပြီး ထောက်ပံ့ငွေများ လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။
May 21,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန အောင်လံမြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ ဘိုးဘွားရိပ်သာ၊ ပရဟိတဆေးခန်း၌ ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 21,2025
ချမ်းအေးသာစံမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို စဥ်ဆက်မပျက် ဆောင်ရွက်လျက်ရှိရာ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၈၈*၈၉ လမ်းကြား၊ ၃၂*၃၃ လမ်းကြားရှိ အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်း၌ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
May 21,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်‌ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ယာယီကျောင်းဆောင်များ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
May 21,2025
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပညာရေးဒီဂရီကောလိပ် အားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။