Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တကောင်းမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကွယ်ဆေးထိုးနှံပေး
Sep 27,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးလွှမ်းခြုံမှုအလျင်အမြန်ရရှိစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တကောင်းမြို့အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မ (အ.လ.က) ကျောင်းများရှိ သတ်မှတ်စုရပ်များတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် Booster(Sinovac)၊ Sinopharn၊ Covaxin၊ Sinovac ကာကွယ်ဆေးများထိုးနှံသူ ကျန်ရှိမှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 27,2022
မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့(၀၉:၀၀)နာရီက မယ်လမုသာသနာ့ဗိမာန်တော်၊ ရွှေပေါက်ကံဒေသန္တရ၊ ဓမ္မဝိသုဒ္ဓိဓမ္မာရုံတွင် Sinopharm/Sinovac ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Sinovac)အား ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပြီး နှာခေါင်းစည်းများ ဖြန့်ဝေ
Sep 27,2022
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများမှအသိပညာပေးလုပ်ငန်းဆောင်ရွက်ပြီး နှာခေါင်းစည်း ၂၅၀၀ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်က ရန်ကုန်-မန္တလေးကားလမ်း စည်ပင်သာယာစျေးကြီးအနီးတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ကျင်းပ
Sep 27,2022
အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲကို ယနေ့နံနက် ၇ နာရီက ပဲခူးမြို့ ဟံသာဝတီယူနိုတ်တက်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Sep 27,2022
စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်
Sep 27,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းများအား ညောင်ဦးမြို့ အမှတ်-၅ အရန်မီး သတ်တပ်ဖွဲ့က ယနေ့နံနက် ၉ နာရီခွဲအချိန်က သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်စဲချောင်း ပိတ်ဆို့မှုနှင့် မယ်စဲ့-ဖားဆောင်း ကားလမ်းပေါ်သို့ မြေပြိုကျမှုတို့အား ဖယ်ရှားရှင်းလင်းဆောင်ရွက…
Sep 27,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ယမန်နေ့ညနေ ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်စဲချောင်းအတွင်းသို့ သစ်ပင်များပြိုလဲ၍ ရေလမ်းကြောင်း ပိတ်ဆို့မှုနှင့် မယ်စဲ့မြို့နှင့် ပန်တိန်းကျေးရွာကြားရှိ မယ်စဲ့-ဖားဆောင်း ကားလမ်းပေါ်သို့ သစ်ပင်လဲကျမှုနှင့် မြေပြိုကျမှုတို့ ဖြစ်ပွားခဲ့ရာ ယနေ့နံနက် ၃ နာရီမှ စတင်၍ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်
Sep 27,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် ၉နာရီအချိန်က ကမမောင်းမြို့ အမှတ် ၂ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာ ပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15788
Page
15789
Page
15790
Page
15791
Current page
15792
Page
15793
Page
15794
Page
15795
Page
15796
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department