အမြို့မြို့အနယ်နယ်သတင်းများ

Sep 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ၏ လုံခြုံရေးအတွက် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် မြို့နယ်အတွင်း ဝင်ထွက်သွားလာနေသည့် မော်တော်ယာဥ်များ၊ ခရီးသွားပြည်သူများအား ယနေ့နံနက်ပိုင်းမှစ၍ ဌာနဆိုင်ရာများပါဝင်သော အဖွဲ့များက စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
Sep 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြက်ခတ်ကုန်းကျေးရွာအုပ်စု၊ ကြက်ခတ်ကုန်းရွာမရှိ သဓ္ဓမ္မရံသီ ဘုန်းတော်ကြီးကျောင်းရှိ အေးငြိမ်းချမ်းသာ ဓမ္မဗိမာန် တန်ဆောင်း၌ ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံ ပြည်သူများ စုစုပေါင်းအင်အား (၂၄၅)ဦးခန့်နှင့် တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့်မြို့ပေါ်ရပ်ကွက်များသို့  စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်
Sep 27,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါး (RS-Cs) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ငန်း သတ်မှတ်လျားထားစိုက်ဧက ၁၁၀၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Sep 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ပြည်သူများသို့ အခြေခံစားသောက်ကုန်ပစ္စည်း များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည်။
Sep 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ ကော်မတီ၏ အစည်းအဝေးကို ယမန်နေ့က ကျိုင်းတုံမြို့ရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Sep 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရုံးတွင် ယနေ့နံနက်(၉)နာရီမှ စတင်ကာ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ တစ်ကြိမ်တစ်ခါမှ နိုင်ငံသားစိစစ်ရေးကဒ် မပြုလုပ်ရသေးသည့် အမှတ်(၈)ရပ်ကွက်အတွင်းရှိ အသက်(၁၀)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများနှင့် ပြည်သူများအား ပန်းခင်းစီးမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ပြုလုပ်ပေးလျက်ရှိသည်။
Sep 27,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း တစ်မြို့နယ်လုံးလွှမ်းခြုံ နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။