အမြို့မြို့အနယ်နယ်သတင်းများ

Sep 27,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချ လျက်ရှိသော ဆေးဝါးအရောင်းဆိုင်များတွင်  ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်သို့ ဖြန့်ဖြူး ရောင်းချခြင်းမရှိဘဲ သိုလှောင်ထားခြင်း၊ ကန့်သတ်ဆေးဝါးပစ္စည်းများ ရောင်းချခြင်း၊ သက်တမ်းလွန်ဆေးဝါးများ တင်သွင်း ရောင်းချမှုမရှိစေရေးနှင့် အရည်အသွေးပြည့်ဝသော ဆေးဝါးများ ရောင်းချစေရန် ရည်ရွယ်၍ မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယနေ့နံနက်ပိုင်းက ဆေးဝါးအရောင်းဆိုင်များအား သတ်မှတ်ချက်နှင့်အညီ ရောင်းချမှုရှိစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Sep 27,2022
မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁) နာရီခွဲက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေပေးခဲ့သည်။
Sep 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက် ဇေယျသုခ ကျောင်းတိုက် ဓမ္မာရုံတွင်ယနေ့နံနက်(၉)နာရီအချိန်က ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်း နှင့်ဒေသခံ ပြည်သူများတွေ့ဆုံ၍ ဒေသလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။
Sep 27,2022
၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ဇုန်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
Sep 27,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊ ထီလုံကျေးရွာအတွင်းရှိ လူစည်ကားရာ ဈေး၊ ကားဂိတ်၊  ဆိုင်ကယ်တက္ကစီဂိတ်တို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ကူးစက်မှုမရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာသွားလာကြသူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်၍ သွားလာကြရန် အသိပညာပေး ပြောကြားပေးခြင်းနှင့် Mask  Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က   ဌာနဆိုင်ရာအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
Sep 27,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ အောက်ဆန်ဂေါင်ကျေးရွာတွင် ဒေသခံပြည်သူများ ကိုယ်ပိုင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်စေခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အခမဲ့ဖွင့်လှစ်မည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတို လူသုံးကုန်ထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီခွဲက ပူတာအိုမြို့နယ် အောက်ဆန်ဂေါင်ကျေးရွာ၌ ကျင်းပသည်။
Sep 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ လုံခြုံရေးတရားဥပဒေစိုးမိုးရေး အေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖွဲ့စည်း၍ ကျေးရွာများအရောက်ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့က ဗောဓိကုန်းကျေးရွာအုပ်စု၊ ဗောဓိကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Sep 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူ ညီရေးအသင်း အာယုဒါန(အခမဲ့)  ဆေးပေးခန်းဆေးပဒေသာပင် အတွက် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။