အမြို့မြို့အနယ်နယ်သတင်းများ

Sep 30,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မူလတန်းကြိုကျောင်း၏ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကန်ဖျားရပ်ကွက်၊ စပါးရွှေဝါလမ်းရှိ မြိတ်မူလတန်းကြိုကျောင်းမှာ ကျင်းပရာ မြိတ်ခရိုင် လူမှုဝန်ထမ်းရုံးခရိုင်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး သားငယ်၊ သမီးငယ်လေးများမှ မကြာခင်သီတင်းကျွတ်တော့မယ် သီချင်းဖြင့်  အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Sep 30,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ ပါလျှံဘုရားကြီးကျောင်းသို့ တပ်နယ်မိသားစုမှ ဆွမ်းဆန်စိမ်းလှူဒါန်းခြင်းနှင့် တန်ဖိုးသင့် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက် ၈ နာရီခွဲ အချိန်က စတင်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
Sep 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ ကမ္ဘာ့ဆရာများနေ့နှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 30,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် မူလတန်းကြိုကျောင်း ပန္နက်တင်မင်္ဂလာအခမ်းအနား နှင့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနား များသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Sep 30,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်သူ့ စာကြည့်တိုက်တွင် ကလေးငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်များရရှိ‌စေရန်နှင့် ပြည်သူ့စာကြည့်တိုက်များကို အသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြု လုပ်ခဲ့သည်။
Sep 30,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား တက်ရောက်ခဲ့ပြီး အောင်ချက်မြင့်မားရေးအတွက် ပညာရေးဌာနတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Sep 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က လှည်းဆိပ် အုပ်စု၊ ရွာသစ်ကုန်းကျေးရွာ ရွှေဘုန်းမြင့် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။