အမြို့မြို့အနယ်နယ်သတင်းများ

Sep 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ဖိုးကျော်(7Eleven)နှင့် PERFECT Barber Shop အဖွဲ့တို့ပူးပေါင်း၍ အမှတ်(၅၂)ရပ်ကွက် မဒေးကျေးရွာရှိ အမှတ်(၁၁)အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးအား အခမဲ့ဆံသခြင်းလုပ်အားဒါနကို အဆိုပါကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်ကကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 30,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပသည်။
Sep 30,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းသည် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က အောင်လံမြို့တွင် ခရိုင်အဆင့်ဌာနဆိုင် ရာရုံးမြေနေရာလျာထားထားရှိသည့်နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့သည်။
Sep 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
Sep 30,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက် ပျိုးရန်လျာထားဧက (၈၃၁၁) ဧကဖြစ်ပြီး အမှန်စိုက်ပျိုးပြီးဧကမှာ (၉၀၅၈)ဧက စိုက်ပျိုးနိုင်ခဲ့ကာ စပါးမျိုးကွဲအလိုက်စိုက်ဧကမှာ မနောသုခ (၃၅၃၅)ဧက၊ ဆင်းသုခ (၁၁၄၉)ဧက၊ ရတနာတိုး (၄၇၉)ဧက၊ ဧရာမင်း (၃၂၅၄) ဧက၊ ကောက်ညှင်း (၄၅)ဧကနှင့် တောင်ယာစပါး (၅၉၆)ဧက စုစုပေါင်း (၉၀၅၈) ဧက စိုက်ပျိုးပြီးစီးပြီး
Sep 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်းကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့နံနက် ၉:၃၀ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 30,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေးနှင့် ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ချနိုင်စေရေးတို့အတွက် ယခုနှစ် စိုက်ပျိုးရာသီတွင် ဆောင်းနေကြာသီးနှံကို ဧကပေါင်း ၃၃၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။