စစ်ကြောင်းကြီး(၅)ကြောင်း အဖွဲ့(၁)မှ ဒေသဖွံ့ဖြိုး​တိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ကျောင်းကုန်း စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က လှည်းဆိပ် အုပ်စု၊ ရွာသစ်ကုန်းကျေးရွာ ရွှေဘုန်းမြင့် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာ များပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းသည် ဒိုးတန်းအုပ်စုရှိ ပြည်သူ့ လုံခြုံရေးအဖွဲ့ဝင် (၅၇)ဦး အဖွဲ့(၁)နှင့် ပြည်သူ(၂၆၀)ဦး စုစု‌ပေါင်း (၃၁၇)ဦးတို့နှင့် တွေ့ဆုံ၍ ကျေးရွာနေပြည်သူများ ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ဆိုင်ကယ်မောင်းနှင်စီးနင်းရာတွင် မေးသိုင်းကြိုးပါသော ဦးထုပ်ဆောင်းပြီး မောင်းနှင် စေရေး၊ နှစ်ယောက်ထက် ပိုမစီးစေရေးစသည့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေရန်၊ ည(၁၂)နာရီမှ နံနက်(၄)နာရီအချိန်ထိ ဒေသန္တရအမိန့် ထုတ်ပြန်ထားကြောင်းတို့ကို အသိပညာ‌ပေးဟောပြောခဲ့ ကြသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး သိရှိလို သည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီး (၆)လ ကျော်သူ(၂၀၀)ဦးအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုခဲ့ကြောင်းနှင့် ကျောင်းထိုင်ဆရာတော်အား ဆွမ်းဆန်အိတ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)