ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲမျာ ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်သူ့ စာကြည့်တိုက်တွင် ကလေးငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်များရရှိ‌စေရန်နှင့် ပြည်သူ့စာကြည့်တိုက်များကို အသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က  ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် စာပေဖတ်ရှုသင့်ကြောင်းပြောကြားပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၂၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့စာကြည့်တိုက်တွင်   ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)