မြိတ်မူလတန်းကြိုကျောင်း၏ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မြိတ် စက်တင်ဘာ ၃၀

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မူလတန်းကြိုကျောင်း၏ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကန်ဖျားရပ်ကွက်၊ စပါးရွှေဝါလမ်းရှိ မြိတ်မူလတန်းကြိုကျောင်းမှာ ကျင်းပရာ မြိတ်ခရိုင် လူမှုဝန်ထမ်းရုံးခရိုင်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး သားငယ်၊ သမီးငယ်လေးများမှ မကြာခင်သီတင်းကျွတ်တော့မယ် သီချင်းဖြင့်  အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲတွင် အငယ်ဆင့်ပုံပြင်ပြောပြိုင်ပွဲ ၊ အကြီးဆင့် ပုံပြင်ပြော ပြိုင်ပွဲ၊ အငယ်ဆင့်ကဗျာပြိုင်ပွဲ၊ အကြီးဆင့်ကဗျာပြိုင်ပွဲ၊ အငယ်ဆင့်စုပေါင်းသီးချင်းဆိုပြိုင်ပွဲ၊ အကြီးဆင့် စုပေါင်းသီးချင်းဆိုပြိုင်ပွဲ၊ အငယ်ဆင့် အင်္ဂလိပ်သီချင်းဆိုပြိုင်ပွဲနှင့် အကြီးဆင့် အင်္ဂလိပ်သီချင်းဆိုပြိုင်ပွဲတို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး အလှူရင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲအသီးသီးမှ ဆုရရှိကြသူများအား ပထမ၊ ဒုတိယ၊ တတိယ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ရင်သွေးငယ်လေးများမှ သီတင်းကျွတ်ညလေးတစ်ည သီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲများကို ရင်သွေးငယ် လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးစတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် ၊ ကလေးတိုင်းတွင် စွမ်းရည်များရှိကြောင်းပြသရန်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေတွင်ပါသည့် ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန်၊ ကလေးငယ်လေးများအနေဖြင့် ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး တန်ဖိုးထားတတ်စေရန် ရည်ရွယ်ချက်ဖြင့် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်း ဖြစ်ကြောင်းသိရသည်။

ဟေမာန်စိုး