ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဆံသခြင်း လုပ်အားဒါနပြု

ဒဂုံအရှေ့ စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ဖိုးကျော်(7Eleven)နှင့် PERFECT Barber Shop အဖွဲ့တို့ပူးပေါင်း၍ အမှတ်(၅၂)ရပ်ကွက် မဒေးကျေးရွာရှိ အမှတ်(၁၁)အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးအား အခမဲ့ဆံသခြင်းလုပ်အားဒါနကို အဆိုပါကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်ကကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့နောက်ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဆံသလုပ်အားဒါနပြုရာတွင် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့တပ်ဖွဲ့မှူး ဦးစိုးမြင့်လွင်ဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ ဖိုးကျော်(7Eleven)နှင့် Barber Shop အဖွဲ့တို့မှသွားရောက်၍ မဒေးကျေးရွာရှိအမှတ်(၁၁)မူလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးအား အခမဲ့ဆံသခြင်းလုပ်အားဒါနအဖြစ်ဆောင်ရွက်ပေးခဲ့ရာ ၎င်းကျောင်းမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၏မိဘများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)