ငဖဲ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက် ပျိုးရန်လျာထားဧက (၈၃၁၁) ဧကဖြစ်ပြီး အမှန်စိုက်ပျိုးပြီးဧကမှာ (၉၀၅၈)ဧက စိုက်ပျိုးနိုင်ခဲ့ကာ စပါးမျိုးကွဲအလိုက်စိုက်ဧကမှာ မနောသုခ (၃၅၃၅)ဧက၊ ဆင်းသုခ (၁၁၄၉)ဧက၊ ရတနာတိုး (၄၇၉)ဧက၊ ဧရာမင်း (၃၂၅၄) ဧက၊ ကောက်ညှင်း (၄၅)ဧကနှင့် တောင်ယာစပါး (၅၉၆)ဧက စုစုပေါင်း (၉၀၅၈) ဧက စိုက်ပျိုးပြီးစီးပြီးယခင်နှစ်ကထက် (၇၄၇) ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။
ငဖဲမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါးဧက ၇၆၂၇ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာမှ စိုက်ဧက (၈၃၁၁)ဧက စိုက် ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက (၈၃၀၂)ဧကတွင် တစ်ဧကအထွက်နှုန်း (၇၉.၇၄)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
မိုးစပါးစိုက်ပျိုးရန် ရေရရှိမှုနည်းလမ်းများအရ အစိုးရဆည်များဖြစ်သော မန်းချောင်းရေလှောင်တမံဆည်မှ (၂၉၉၀)ဧက၊ ရင်းရှည်ရေလှောင်တမံဆည်မှ (၅၁၉) ဧက၊ ဆည်ငယ်၊ကန်ငယ်များမှ (၄၆၅၆)ဧက၊ မိုးကောင်းရေသောက်မှ (၂၉၇) ဧကနှင့် တောင်ယာစိုက်ဧက (၅၉၆) ဧကသို့ စိုက်ပျိုးရေရရှိပြီး စိုက်ပျိုးပြီးစီးခဲ့သည်။
ယခုနှစ်မိုးစပါးစိုက်ဧကကို ယခင်နှစ်ကထက် (၇၄၇)ဧက ကျော်လွန်စိုက်ပျိုးနိုင်ခြင်းမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် မိုးရွာသွန်းမှုကြောင့် ဆည် ကန် တာတမံများအတွင်း ရေဝင်ရောက်မှုရှိသဖြင့် ယခင်နှစ်စိုက်ဧကထက် ပိုမိုကျော်လွန် စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မယု (ငဖဲ)