ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု​ဖြင့် ပုသိမ်မြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံရှိ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ပုသိမ် စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ပုသိမ်မြို့နယ်ရှိ စက်ရုံအလုပ်ရုံ အလုပ်သမားများ အား ကိုဗစ်-၁၉ တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ Volunteer များနှင့် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များက  ကာကွယ်ဆေးထိုးနှံမှုကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိ သည်။

စက်ရုံအလုပ်သမားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ပြီး စက်တင်ဘာလ ၂၉ ရက်နေ့အထိ စက်ရုံ (၁၂)ရုံရှိသည့်အနက် စက်ရုံ(၇)ရုံရှိ အလုပ်သမား များအား ကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလ (၂၉)ရက်နေ့တွင် အထည်ချုပ် စက်ရုံ (၄)ရုံရှိအလုပ်သမား စုစုပေါင်း (၂၈၀၀)ကျော်ကို  တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံ ပေးခဲ့ပြီး စက်တင်ဘာလအတွင်း စက်ရုံအလုပ်သမား စုစုပေါင်း (၅၇၀၀)ကျော်ကို Myancopharm အမျိုး အစား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)