အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးလက် ကျန်းမာရေးဌာန ဆေးကုသဆောင်နှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ ရတနာပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့နံနက် ၉နာရီအချိန်က ကျင်းပရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြောင်း သိရသည်။
Oct 01,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးစေပြီး အလုပ်အကိုင်ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကို နံနက်ပိုင်းတွင် အင်တောမြို့ ကျောက်ဂူကျေးရွာအုပ်စု ကျောက်မီးခတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
Oct 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က အိမ်ထောင်စုလူဦးရေ စာရင်း ပုံစံ ၆၆/၆ (အထစ) နှင့်ပတ်သတ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမအတွင်း ပြုလုပ်ခဲ့သည်။
Oct 01,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 01,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စည်ပင်ကျေးရွာ လျှိုပိတ်ဆည်တည်ဆောက်ရာ၌ ပါဝင်သွားသူများအား မြေယာ/သီးနှံ လျော်ကြေးငွေပေးအပ်ခြင်း ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Oct 01,2022
ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂)ကို စက်တင်ဘာ (၃၀)ရက် နံနက်(၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်အစိုးရနှင့် ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Training Hotel အိပ်ခန်းဆောင်ခင်းကျင်းထိန်းသိမ်းခြင်း (House keeping Training) နှင့် Training Hotel အစားအသောက်ထည်ခင်းဧည့်ခံခြင်း (Waiter&Waiteress/ F&B) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီ က တောင်ကြီးမြို့၊ ပန်သခွားကျေးရွာ၊ စွန်းထီထင်ဘက်စုံဖွံ့ဖြိုးရေးရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။